19 w - Translate

တနေ့ညက ချန်ပီယံရှစ် ပလေးအော့်ဖ်ဖိုင်နယ်မှာ ဆောက်သမ်တန်အသင်းက သူတို့ရဲ့အဓိက,တိုက်စစ်မှုး အမ်စထရောင်းရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ လိဒ်ယူနိုက်တက်ကိုအနိုင်ယူပြီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာနိုင်ခဲ့ပါတယ်။
ဒီပွဲစဥ်က အကြိ-တ်အနယ်ရှိခဲ့သလို၊ ပွဲကစားချိန်အတွင်းမှာလည်း ရယ်စရာ အဖြစ်အပျက်လေးတစ်ခု ဖြစ်သွားခဲ့ပါသေးတယ်၊ ​ဖြစ်ပုံကတော့ ဒီလိုပါ။
မိနစ် ၉၀ ပြည့်ပြီးလို့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ကွင်းလယ်ဒိုင်လူကြီးက ဝီစီမှု-တ်လိုက်ပါတယ်။
ဒါကြောင့် ပွဲသိမ်းခရာမှုတ်လိုက်ပြီအထင်နဲ့ ဆောက်သမ်တန်တိုက်စစ်မှုး အမ်စထရောင်းက သူ့ရဲ့ဂျာစီကိုချွ-တ်လိုက်ပြီး အကြီးအကျယ် အောင်ပွဲခံဖို့ ပရိသ-တ်တွေဆီ ပြေးသွားတာပါ။ သူနောက်ကို တချက်ပြန်လှည့်ကြည့်မိလိုက်တော့မှ ပွဲမပြီးသေးမှန်း သိလိုက်ရပါတော့တယ်။ 😅
တကယ်တော့ ဒိုင်လူကြီးက လိဒ်ယူနိုက်တက်ဘက်ကို ပြစ်ဒ-ဏ်ဘောပေးဖို့ ဝိစီမှု-တ်လိုက်​တာဖြစ်ပါတယ်။ 😂

Football Corner

image