19 w - Translate

ဆောက်သမ်တန် ပြန်လာပြီ

Championship playoff final မှာတော့ ဆောက်သမ်တန်ဟာ လိဒ်စ်ယူနိုက်တက်ကို ၁ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီး ပရီးမီးယားလိဂ်ဆီ တက်လှမ်းလာခဲ့ပါပြီ။

ဆောက်သမ်တန်အတွက် တစ်လုံးတည်းသော အဖိုးတန် အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး အမ်းစတောင်းက ပွဲချိန်၂၄မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်ပွဲချိန်မိနစ်တွေမှာ ဘယ်ဘက်ကမှ ဂိုးထပ်မသွင်းနိုင်ခဲ့တာကြောင့် အမ်းစတောင်းရဲ့ဂိုးနဲ့ ဆောက်သမ်တန် အနိုင်ရဖို့ လုံလောက်ခဲ့ပါတယ်။

ချန်ပီယံရှစ် ဘောလုံးရာသီကုန်ဆုံးချိန်မှာ လိဒ်စ်က အဆင့်၃နေရာ၊ ဆောက်သမ်တန်က အဆင့်၄နေရာနဲ့ ပြီးဆုံးခဲ့ပြီး Playoffs Semi Final မှာ သူတို့၂သင်းဟာ နော၀စ်ခ်ျ၊ ၀က်စ်ဘရွန်းတို့ကို ကျော်လွှားပြီး ဖိုင်နယ်ဆီ တက်လှမ်းလာခဲ့တာပါ။

ကမ္ဘာ့ဆု‌ကြေးငွေအများဆုံး ဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့ ဆောက်သမ်တန်ကတော့ တန်းဆင်းရပြီးနောက် တစ်ရာသီအကြာမှာပဲ ပရီးမီးယားလိဂ်ဆီ တဖန်တန်းပြန်တက်နိုင်ခဲ့ပါပြီ။ ဒါဟာ အသင်းရဲ့သမိုင်းမှာ ပထမဆုံးပါပဲ။

ဒါ့ကြောင့် လာမယ့်ရာသီပရီးမီးယားလိဂ်မှာ လက်စတာ၊ အစ်စ်၀စ်ခ်ျတောင်းနဲ့ ‌ဆောက်သမ်တန်ဆိုတဲ့ တန်းတက်၃သင်းကို မြင်တွေ့ရပါတော့မယ်။

image