19 w - Translate

“ငါတို့အားလုံး ဘယ်သူမှ အလုပ်မရှိတော့တာမျိူး ဖြစ်လာနိုင်တယ်”
“လူသားအားလုံးရဲ့ အလုပ်တွေကို AI က အစားထိုးသွားလိမ့်မယ်”

ဒီစကားတွေက ပဲရစ်မြို့မှာကျင်းပသွားတဲ့ VivaTech 2024 မှာ အီလွန်မက်ခ်ကိုယ်တိုင်ပြောကြားခဲ့တဲ့ စကားတွေပါ။

အီလွန်က “မင်းအလုပ်လုပ်ရတာ ဝါသနာပါရင် လုပ်လို့ရတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာ AI နဲ့ စက်ရုပ်တွေက မင်းလိုချင်တဲ့ ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းမှန်သမျှကို ပေးလိမ့်မယ်” လို့ ပြောပါတယ်။

ဆိုလိုတာက အနာဂတ်မှာ အလုပ်အကိုင်ဆိုတာ မဖြစ်မနေလုပ်ရမဲ့အစား မလုပ်ချင်လည်း ရတယ်ဆိုတဲ့ သဘောမျိူးပါပဲ။ ဒီလိုဖြစ်လာဖို့အတွက် တစ်ဖက်မှာလည်း Universal High Income ရှိလာဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒီနေရာမှာ အီလွန်ပြောတဲ့ Universal High Income ဆိုတာ Universal Basic Income ထက် ပိုများတဲ့ ပမာဏကို ဆိုလိုချင်တာလို့ ကျွန်တော်ယူဆပါတယ်။ Universal Basic Income (UBI) ဆိုတာကတော့ နိုင်ငံတော်ကနေ ပြည်သူတွေအားလုံးကို နေရေး၊ ထိုင်ရေး၊ စားသောက်ရေးတို့လိုမျိူး အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် ပေးဆောင်တဲ့ ငွေပမာဏကို ပြောတာပါ။

အီလွန်ပြောတဲ့အတိုင်းသာဆိုရင် အနာဂတ်မှာ ကျွန်တော်တို့တွေဟာ “အလုပ်မလုပ်ဘဲ ထိုင်စားနေရုံပါပဲ” 🙃

Ref: CNN

image