19 w - Translate

မန်ယူနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ တူချယ်နဲ့ ပိုချက်တီနို
----------------
မန်ယူအသင်းဟာ နည်းပြ အဲရစ်တန်ဟက်နဲ့ လမ်းခွဲဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အက်ဖ်အေဖလားဗိုလ်လုပွဲ မတိုင်ခင်က အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ရင်လည်း အဲရစ်တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်လိုက်ဖို့ မန်ယူတာဝန်ရှိသူတွေ ဆုံးဖြတ်ထားပြီးပြီဆိုတဲ့သတင်းဟာ အမှန်တကယ် ဖြစ်လာလေတော့မလားဆိုတာကို စောင့်ကြည့်ကြရမှာပါ။

မန်ယူအသင်းတာဝန်ရှိသူတွေဟာ အဲရစ်တန်ဟက်ရဲ့အနာဂတ်အတွက် သီးသန့်တွေ့ဆုံ စကားပြောဆိုနေပြီး အခုတစ်ပတ်အတွင်းမှာ အပြီးသတ်ဆုံးဖြတ်ချက်ကို ချမှတ်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။အင်္ဂလန်သတင်းမီဒီယာတွေကတော့ တန်ဟက်ဟာ ရာထူးထုတ်ပယ်ခံရပြီး မန်ယူဆီကို နည်းပြသစ်တစ်ယောက် သေချာပေါက် ရောက်လာလိမ့်မယ်လို့ ခန့်မှန်းရေးသားနေကြပါတယ်။
တန်ဟတ်ဂ်ကတော့ အက်ဖ်အေဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့လို့ မန်ယူနည်းပြရာထူးမှာ သူ ဆက်ရှိနေလိမ့်မယ်လို့ မျှော်လင့်နေဆဲပဲဖြစ်ပါတယ်။ မန်ယူအသင်းတာဝန်ရှိသူတွေဟာ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့တာ၊ ပရီးမီးယားလိဂ်မှာ ရပ်တည်မှု ဆိုးရွားခဲ့တာတွေကြောင့် တန်ဟက်ကို ရာထူးထုတ်ပယ်ချင်နေတာဖြစ်တယ်လို့ The Guardian သတင်းမီဒီယာက ရေးသားထားပါတယ်။
မန်ယူဟာ တန်ဟက်ကို ရာထူးကထုတ်ပယ်ဖြစ်ခဲ့ရင် ပိုချက်တီနိုနဲ့ တူချယ်တို့အနက်က တစ်ယောက်ကို နည်းပြသစ်အဖြစ် တာဝန်ပေးနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

image