19 w - Translate

ဥရောပရွှေဖိနပ်ဆုရှင် ဟယ်ရီကိန်း

၂၀၂၃/၂၄ ဘောလုံးရာသီရဲ့ ဥရောပရွှေဖိနပ်ဆု European Golde Shoe ကိုတော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက သိမ်းပိုက်ခဲ့ပါပြီ။

ဟယ်ရီကိန်းက ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် လိဂ်ဂိုး၃၆ဂိုးအထိ သွင်းယူခဲ့ပြီး ဘွန်ဒက်စ်လီဂါရဲ့ သွင်းဂိုးအများဆုံး ကစားသမားဖြစ်ခဲ့တာပါ။ ဥရောပ ရွှေဖိနပ်ဆုအတွက် ကီလီယမ်အမ်ဘာပေ၊ ဆာဟူးဂူရာစီ၊ အာလင်းဟာလန်း၊ လော်တာရိုမာတီနက်ဇ်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု၊ ကမ္ဘာ့‌ဖလားရွှေဖိနပ်ဆုရှင် အင်္ဂလန်သားက သူရဲ့ဘွန်ဒက်စ်လီဂါ ပထမဆုံးရာသီမှာ လိဂ်ရဲ့ ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဥရောပရွှေဖိနပ်ဆုကိုပါ သူရဲ့ကစားသမားဘ၀မှာ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တာပါ။

European Golden Shoe ကို အများဆုံး သိမ်းပိုက်ထားတာက လီယွန်နယ်မက်ဆီ (၆ကြိမ်)ဖြစ်ပြီး ‌ခရစ္စတီယာနိုရော်နယ်လ်ဒိုက ၄ကြိမ် သိမ်းပိုက်ထားခဲ့ပါတယ်။
တစ်ကိုယ်တော်ဆုတွေနဲ့အမြဲကျေနပ်နေရတဲ့ ကိန်းတစ်ယောက် လာမယ့်ပြိုင်ပွဲ၊ လာမယ့်ဘောလုံးရာသီတွေမှာတော့ အသင်းနဲ့အတူ ဆုဖလားတွေ ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်မိကြောင်း...

image