Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်ရာသီကို အသင်းခေါင်းဆောင်တစ်ယောက်ပြောင်းနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်း
ရီးရဲလ်မက်ဒရစ်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သော စပိန်နောက်ခံလူ နာချို ဖာနန်ဒက်ဇ်(၃၄ နှစ်)က ယခုရာသီကုန်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ သူထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ရီးရဲလ်မက်ဒရစ်အသင်းတွင် အသက်(၁၁)နှစ်ကတည်းက စတင်ကစားခဲ့သော နာချိုအနေဖြင့် သူ(၂၃)နှစ်ကြာကျင်လည်ဖြတ်သန်းခဲ့သည့် အသင်းကို စွန့်ခွာရန်ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် (၂၀၂၁) နွေရာသီတွင် အသင်းခေါင်းဆောင်ရာမို့စ် အသင်းမှထွက်ခွာပြီးနောက်ပိုင်း တစ်ရာသီလျှင် အသင်းခေါင်းဆောင် တစ်ယောက်ပြောင်းလဲနေပြီး နာချို၏နေရာကို နောက်ထပ်အသင်းခေါင်းဆောင်တစ်ဦး ရောက်ရှိလာသည်ကို တွေ့မြင်ရဦးမည်ဖြစ်သည်။ရီးရဲလ်မက်ဒရစ်အသင်းတွင် ရာမို့စ်အပြီး (၂၀၂၁-၂၂)ရာသီတွင် မာဆယ်လို၊(၂၀၂၂-၂၃)ရာသီတွင် ဘန်ဇီမာ၊ယခု(၂၀၂၃-၂၄)ရာသီတွင် နာချိုတို့ အသင်းခေါင်းဆောင်များအဖြစ်တာဝန်ယူခဲ့ကြခြင်းဖြစ်သည်။ယခုနောက်ပိုင်း ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်များအနေဖြင့် အသင်းတွင် တစ်ရာသီသာ (ပထမ)အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူပြီး ရာသီကုန်တွင် အသင်းကို စွန့်ခွာသွားသည့် ထူးခြားချက်ကို တွေ့ရမည်ဖြစ်သလို၊ (၃)နှစ်ကျော်ကာလအတွင်း (၅)ဦးမြောက်အသင်းခေါင်းဆောင်ကိုလည်း ပရိသတ်များတွေ့ရဦးမည်ဖြစ်သည်။