44 w - Translate

ယာဉ်မောင်းသူတိုင်း တကယ်ဂရုစိုက်သင့်တဲ့ အချက်တွေပါ

ရန်ကုန်မြို့တွင် အထူးသတိထား မောင်းနှင်သင့်သော နေရာများ အပိုင်း (၇)
ဒီနေရာ ကတော့ ရန်ကုန်မြို့ရဲ့ ရှေးအကျဆုံး လမ်းပိုင်းတွေထဲက တစ်ဖြစ်တဲ့....
ပြည်လမ်း နဲ့ အလုံလမ်း ( မစ်ရှင်လမ်း ) ထောင့် ပါ....
ကျနော်ရန်ကုန် ရောက်ခါစက အဲ့ဒီ မီးပွိုင့်ဟာ ယာဉ်ကြော နှစ်ကြော သာရှိတဲ့ မီးပွိုင့်ပါ ဘေးနားမှာ မျက်ခင်းစိမ်းတွေနဲ့ ပြည့်လို့နေပါတယ်....
သစ်ပင်ကြီးတွေကလည်း အုပ်ဆိုင်းပြီး လမ်းနားမှာပင်ရှိပါတယ် ....
ခပ်လှမ်းလှမ်းက သမ္မတအိမ်တော် နားမှာကလည်း လမ်းကျဉ်း လေး ရှိပါတယ်....အနားမှာ လူနေအိမ်တွေကလည်း မရှိသလောက်ပါပဲ...
ရှဉ့် လေးတွေ လမ်းကို ဖြတ်ကူးနေတာ ဗျိုင်းအုပ်ကြီးတွေ သစ်ပင်ပေါ်မှာ မြင်ရတာ ကြည်နူးစရာပါ....
ရန်ကုန်မြို့ထဲမှာ အရှိန်မြင့် အများဆုံး မောင်းကြတဲ့ နေရာများထဲမှာ...ပြည်လမ်း ပေါ်က ထိုနေရာ ဟာလည်း တစ်ခုအပါအဝင်ပါ....
ဆိုင်ကယ်ခေတ်ကဆို...
အလုံလမ်းအတိုင်း မီနီဖြတ်လာတဲ့ ဆိုင်ကယ်တွေကို ...ပြည်လမ်းက အရှိန်နဲ့မောင်းကာ မီးစိမ်းကို ချိန်မောင်းတဲ့ကား တွေနဲ့ တိုက်တာ ....ကားချင်းတိုက်တာ စသည်ဖြင့် တစ်နေ့ကို ယာဉ်တိုက်မှု အနဲဆုံး နှစ်ကြိမ်လောက် ဖြစ်တဲ့နေရာပါ....( ဆိုင်ကယ် ဆရာတွေ မျက်ခင်းပေါ် ပက်လက် အနားယူနေကြတာ မကြာခဏ ဆိုသလို တွေ့ဖူးပါတယ် )ကျနော်ကလည်း ထိုနေရာကို အနဲဆုံး တစ်နေ့ကို လေးကြိမ်တော့ ဖြတ်ပါတယ်...တစ်ခါတလေတော့ အကြိမ် သုံးဆယ်လောက်ဖြတ်ဖြစ်ပါတယ်....
အဲ့နေရာကို အမှတ် ရနေတဲ့ အဖြစ်ကတော့...
(မီးနီ ဖြတ်လာတဲ့ ဆိုင်ကယ်ကို မီးစိမ်း ဖြတ်လာတဲ့ ကားက အနောက်ပိုင်းလေး တိုက်မိလိုက်တာ...ဆိုင်ကယ်မောင်းသူက ဂျွမ်းပစ် သွားပါတယ် ....အရှိန်ပါတာမို့....သူက မတ်တပ်ရပ်လိုက်...လဲကာ ဂျွမ်းပစ်လိုက် ....နောက်တစ်ခါ မတ်တပ်ရိုက်လိုက် ထပ်ပြီး ဂျွမ်း ပစ်လိုက်နဲ့ ငါးပါတ်လောက် ဖြစ်ပြီးမှပဲ ရပ်ပါတော့တယ်...ဦးထုပ် ပါ၍ ခေါင်း တော့ မပွင့် ခဲ့ပါ )
လမ်းဆုံတိုင်းကတော့ အန္တရာယ် တွေ အနဲနဲ့အများ ရှိကြပါတယ်.....
ထိုနေရာမှာကတော့ မိုးတွင်းဘက်တွေမှာ အရှိန်ဖြင့် နောက်က မောင်းလာတဲ့ကား တွေကိုပါသတိထားရပါတယ် ...ရုတ်တရက် မီးနီလျင် / ဝါလျင် ရှေ့တိုက် နောက်တိုက်တွေက ပိုများပါတယ်....( စကားမစပ် ပွိုင့်အကျော်က ဗန်ဒါ ပင်အောက်မှာ စောင့်ကြည့်သူ ရှိပါကလည်း အစိုးရိမ်လွန်ကာ မဝါခင် ရပ်ကြတာကြောင့် သော်လည်းကောင်း မျဉ်းဝါကျော် နေပေမယ့် ရပ်ကြတာကြောင့်.... တိုက်တာတွေလည်း တွေ့ဖူးပါတယ်)
နောက်တစ်မျိူးက ပြည်လမ်းအတိုင်း မြေနီကုန်းဘက်မှလာပြီး အလုံလမ်း မှာ ဖရီးဝေးက ညာကွေ့သည့် ကားနဲ့ မီးပွိုင့်ဖြတ်လာသော ကားတို့ တိုက်တတ်ကြပါတယ်....
ပြည်လမ်းကညအရှိန်ကို ဖရီးဝေး သို့ သယ်ဆောင်လာသော ကားတွေဖြစ်တာပါ...
ဖရီးဝေးချင်းအတူတူ ဟယ်ပင်ဘက်ကလာ ပြီး အလုံလမ်းမှာ ဖရီးဝေး အတိုင်း ညာချိုးမည့်ကားကျတော့ လမ်းလယ်ကျွန်းက တစ်ကြောစာ ကွယ်ပေးထားတာမို့ အလုံလမ်းပေါ် လွတ်လပ်စွာ ဝင်လို့ ရပြန်ရော ခင်ဗျာ....( အဲ့ဒီကျွန်းကို လှီးလိုက်လျင်တော့ ကွေ့ကားတွေလည်း အဆင်ပြေသွားနိုင်သလို ဖရီးဝေး တွေအတွက်ကလည်း သတိထားစရာ တစ်ခု ဖြစ်လာမှာပါ )
ဒီနေ့ည မစ်ရှင် ကျောင်းဘက်က တက်လာပြီး အလုံလမ်းကို အတည့်ဖြတ်မယ် ဆိုကာ လမ်းလည် ကနေ နေရာယူတော့ .... ဘေးမှာ တဗျူးဗျူး နဲ့ ကားတစ်စီး ရောက်နေတယ်....သူယူတဲ့ လမ်းက မြေနီကုန်း ဘက်ကို ကွေ့ရမည့် လမ်းကြောပါ....
မီးပွိုင့် အလည် မှာ လမ်းက ဖြောင့်နေပေမယ့် ယာဉ်ကြောက တစ်စောင်း ဆွဲပေးထားပါတယ်....ကိုယ်က ရှေ့မှာ မြင်ရတဲ့ လမ်းလည်ကြော အတိုင်း ကျွန်းနားကို ကပ်ယူရမှာပါ...ညာဘက်မှာ လည်း အတည့်သွားမည့် ကားတစ်စီးက ရှိနေပါတယ်...
လိုရမယ်ရ ဘယ်ကား မျှ လမ်းမှား မလာပါစေနဲ့ တွေးထားပါတယ်....
လမ်းမှား လာလျင်လည်း ဟွန်းတီးရမယ် လိုအပ်ပါက မတိုက်မိရန် ကိုယ်က အရှိန် လျှော့ရပါမယ်....( လမ်းခိုးသူက ပိုပြီး သွက်တတ်ကြပါတယ် )စိတ်ထဲ တွေးထားတာပေါ့လေ....ဒါနဲ့ ကားရပ်ထားတုန်းလေး ဓါတ်ပုံ နှစ်ပုံ ရိုက်လိုက်တယ် ရှေ့လမ်းကြော တစ်ပုံနဲ့.....ဘယ်က ကားခေါင်းလေး ပါတဲ့ တစ်ပုံပေါ့...အဲ့ဒီကား က ကိုယ့်ရှေ့က ဖြတ်ဝင်နိုင်တယ် ဆိုတာ သိနေသလိုပါပဲ....ကားက ဂဏာမငြိမ်ပါဘူး
သိပ်ကြာကြာ မစောင့် လိုက်ရပါဘူး
ကိုယ်တော်ချောက မီးစိမ်းတာနဲ့ ဝေါကနဲ ဆိုကာ ကိုယ့်ရှေ့က ဖြတ်ဝင်ပြီး ဦးဝိစာရဘက်ကို မောင်းသွားပါတော့တယ် ...
ယာဉ်စည်းကမ်းဖေါက်ဖျက်မှု ဆိုတာ ဘာမှ မဖြစ်လျင် ခဏအတွင်း ပျက်ပြယ် သွားတယ်လို့ ထင်ရပေမယ့်....မှတ်တမ်းရှိလာတဲ့အခါ.... တစ်ဘက်သားတွေ နစ်နာ သွားတဲ့အခါ အပြစ်က အတိုင်းအဆ မရှိပါဘူး....
ဒါ့ကြောင့် မှန်ပြီး ထိခိုက်တာထက် မှားပြီး ထိခိုက်တာက ပို၍ ဖြေရှင်းရခက်ပါတယ်...( လုံးဝမထိခိုက်လျင်တော့ အကောင်းဆုံးပါ )
ခုကာလတွေမှာ မီးပွိုင့်အတော်များများရဲ့ ယာဉ်ကြောများကို ကားအရေအတွက် များလာသည်နှင့် အမျှ သင့်လျော်အောင် ပြင်ဆင်ရေးဆွဲတဲ့ ကာလမို့....သတိထားကြပါခင်ဗျာ....
ရန်ကုန်မှာ ပြောင်းလဲလာသော မီးပွိုင့်များ ကို မှတ်မိသလောက် ပြောရလျင်...
ဘုရားလမ်း ဗိုလ်ချုပ်လမ်း မီးပွိုင့်
အလုံလမ်း ပြည်လမ်း မီးပွိုင့်
အင်းယားလမ်း တက္ကသိုလ်ရိပ်သာ လမ်း မီးပွိုင့်/ ဓမ္မစေတီလမ်း မီးပွိုင့်...
စသည်ဖြင့် အတော်များများ မီးပွိုင့် တွေ ပါ...
ကားမောင်းလျင် / ရပ်လျင် လမ်းပေါ်က အမှတ်အသားများကို အထူးသတိပြုကြပါခင်ဗျာ...စည်းကမ်းလည်း လိုက်နာကြပါ ခင်ဗျာ...🙏
Credit

image
44 w - Youtube

44 w - Translate

Everton 2 - 0 Liverpool (Full Time)

လိပ်ပုကတော့ ပွဲပြီးသွားပြီ

image
44 w - Translate

Fri- ငါ move on လို့ရပီးသူငယ်ချင်းးးး
fri move on=စက်ဝိုင်းပုံစံ move on 🥲

တယောက်တလှည့်ပေါ့

image

image
44 w - Translate

တစ်ချို့ မိန်းကလေးတွေ ပုံခနခနတင်နေတာမျိုး
မတွေ့ရဘူး တင်ရင်တောင်ဘယ်သူ့မှမ Tag ဘူး💛

Caption ရေးရင်လည်း တစ်ခြား မိန်းကလေး
တွေလို Cmt တောင်းတောင်းနေတာမျိူးမရှိဘူး
Cmt ထဲမှာ ယောကျာ်းလေးတွေနဲ့ အီစီကလီ
လုပ်နေတာမျိုး မတွေ့ရဘူး၊💛

Wall ထဲဝင်ကြည့်ရင် Share post တွေက
နေရာယူထားတာများတယ် CB မှာဆိုလည်း
ဘယ်ယောကျာ်းလေးကိုမှ လိုတာထက်ပိုပြီး
ဆက်ဆံတာမျိုး မရှိဘူး၊💛

တော်ရုံ သူမသိတဲ့ ယောကျာ်းလေး post
အောက်ဆိုဝင်မမန့်ဘူး Bff တွေနဲ့ ရင်းရင်းနှီးနှီး
စကားပြောတာကလွဲရင်အရှုပ်အရှင်းကင်းတယ်၊💛

တွေ့ကရာလူနဲ့ အရောဝင်နေတာမျိုးမရှိဘူး
အိန္ဒြေ သိက္ခာ ကြီးတယ် Fb ကို Like ရဖို့
ရည်းစားရှာဖို့ထက် အပျင်းပြေရုံလောက်ပဲ
စိတ်ထွက်ပေါက် တစ်ခုအနေနဲ့အသုံးပြုတယ်၊💛

သူကြိုက်တာ သူလုပ်တယ် ဒါပေမယ့် ...
လူအထင်အမြင်သေးမယ့်ကိစ္စ မိန်းမ တန်ဖိုး
ကျစေမယ့်ကိစ္စ မျိုး မဟုတ်ဘူး၊💛

မာနကြီးတဲ့ ပုံစံ ဒါပေမယ့် ...
ကိုယ့်ကိုကိုယ် တန်ဖိုးရှိအောင်နေရုံသက်သက်ပဲ
ဆိုတာ သူပဲသိတယ် သူပဲနားလည်တယ်၊💛

အပေါစားဆန်တယ်လို့ ...
အပြောအဆိုခံရမှာ..အရမ်း ကြောက်တဲ့ပုံပါပဲ
တစ်နည်းအားဖြင့် ရင့်ကျက်လာတယ်ပြောရမယ်💛

image
44 w - Translate

သတိရစိတ်တွေ
ထိန်းချုပ်မရတော့တဲ့အခါ

ကိုယ့်ရဲ့လွမ်းဆွတ်ခြင်း တိမ်တိုက်တွေ
မင်းရဲ့အနားကို ရောက်သွားနိုင်မလား ???

စိတ်ချင်းဆက်သွယ်မှုဆိုတာ တကယ်ရှိရင်
မင်းရော ကိုယ့်ကို သတိရနေမလား ???

ပြန်စာမရတဲ့ လွမ်းဆွတ်ခြင်းတွေဟာ
တမ်းတမိရုံသက်သက် ရေးဖွဲ့ခြင်းတွေလား ???

အဖြေမရှိတဲ့ မေးခွန်းပေါင်းများစွာနဲ့
နေ့ရက်များဟာ ကိုယ့်အနားမှာ .....

image
44 w - Translate

"We bloom with those who understand us most and feel our pain, the ones who put their hands on the hurt and make flowers grow through all cracks"

image
44 w - Translate

"မိဘကိုသိတတ်တဲ့သားသမီးဘယ်တော့မှမဆင်းရဲဘူး"
..............................................................................

မိဘကိုလုပ်ကျွေးတဲ့သားသမီးတွေက ရှာဖွေရပိုလွယ်တယ်။မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သားသမီးတွေက ပိုပြည့်စုံလာတယ်။
မိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရပိုလွယ်တယ်။
မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက ပိုပြည့်စုံလာတယ်။
မိဘကိုပြန်ကြည့်တတ်တဲ့သူက ပိုအဆင်ပြေလာတယ်။
မိဘစကားနားထောင်တဲ့သူက ပိုစိတ်ချမ်းသာရတယ်။
ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ။ အသက်ကြီးမှ ပြန်ကြည့်မယ်လိုမတွေးပါနဲ့
ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်သူတိုရှိချင်မှရှိတော့လိမ့်မယ်။
မချမ်းသာလို မပြည့်စုံသေးလိုဆိုတဲ့ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက်
အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည်
ဖိနပ်လေးတရံနဲ့တင် သူ့တိုကိုစိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။
စကားတခွန်းရှိတယ်။ မိဘအတွက်ကုန်သွားတဲ့ငွေက အမြဲဆယ်ဆပြန်လာတယ်။
ကိုယ့်ဆီက နဲနဲရပီး များများပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဖူး။
လက်ရှိ အောင်မြင်နေတဲ့သူတွေကိုကြည့်ရင် မိဘကို သိတတ်သူတွေ။
ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင် မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ။
မယုံမရှိနဲ့။ သူတိုကြောင့် မိဘအဆင်ပြေတာမဟုတ်ပဲ
မိဘကြောင့် သူတိုအဆင်ပြေနေတာကို သူတိုယုံကြည်တယ်။

မိဘကိုသိတတ်တဲ့သား၊သမီး ဘယ်တော့မှမဆင်းရဲဘူး ဒါဟာတကယ့်လက်တွေ့ပါ။အဆင်မပြေဘူးဆိုရင်တောင် ခဏပဲနောက်ပိုင်း သူ့အလိုလို အဆင်ပြေသွားတတ်တယ်။မိဘဆိုတာ လူပိုကြီးတွေမဟုတ်ဘူးဆိုတာတချိုတွေကို သိစေချင်ပါတယ်။ အိုရင်ပယ်တတ်တဲ့ လူတွေကို အသိစိတ်လေးတစ်ခုလောက်ထည့်ပေးစေချင်တယ်။

အမှန်တော့ မိဘတွေဆိုတာ သူ့ထမင်းထုပ်နဲ့ သူလာတာပါ မိဘနှစ်ပါးကို အိမ်ပေါ်ခေါ်တင်ကျွေးမွေးထားရလိုဆင်းရဲရတဲ့ သားသမီးဆိုတာ မရှိပါဘူး။မိဘကို မိဘမှန်းမသိတတ်လို ပစ်ထားတဲ့သူတွေမှ အများကြီးရှိကြပါတယ်။

မိဘကျေးဇူးဆိုတာ ဆပ်ခွင့်ထိုက်တဲ့သူမှ ဆပ်ခွင့်ရတာပါ ဒါတောင်ကျေအောင်ဆပ်တာမဟုတ်ဘူးနော်
အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားရှင်ကမိဘကျေးဇူး ကိုအကုန်ကျေခဲ့ပါတယ်။ကျွန်မတိုလို ပုထုဇဉ်လူသားတွေအဖို သက်ရှိထင်ရှားမိဘနှစ်ပါးကို လက်ရှိအချိန်မှာ ကျွေးမွေးပြုစုစောင့်ရှောက် ရခြင်းကမွန်မြတ်တဲ့ကုသိုလ်ကံကြောင့်ပါ။

အဖေရယ်၊အမေရယ် လိုခေါ်ခွင့်ရ ချိန်ရှိတုန်းလေးမှာ ကျေးဇူးတရားတွေကို သိတတ်နားလည်ပါ။ တချိုဘဝတွေဆိုငယ်ငယ်ကတည်းက အဖေမရှိ အမေမရှိနဲ့ မိဘမေတ္တာကို တောင်းတပေမယ့် ဘယ်တော့မှ မရပဲ ဆုံးရှုးခဲ့ကြရပါတယ်။

ကျွန်မ တရားနာဖူးတဲ့ အထဲကမှတ်သားဖူးတာလေးရှိတယ် မိဘဆိုတာအလှူခံပုဂိုလ်နဲ့တူတယ်တဲ့ အလှူတွေ သဒ္ဒါတရားထက်သန်ရင် ထက်သန်သလောက် မိမိမှာလည်းအကျိုးပေးပါတယ်။

အမေတိုအဖေတိုကို ဘာလေးလုပ်ပေးချင်လိုက်တာလိုစိတ်လေးကူးလိုက်တာနဲ့ စိတ်ကူးထဲကအတိုင်း ဆန္ဒပြည့်သွားမျိုးလေးတွေ မကြာခဏကြုံဖူးတယ် ဒါ့ကြောင့်လဲ မိဘကိုသိတတ်တဲ့သားသမီးက ဘယ်တော့မှ မဆင်းရဲဘူးဆိုတာသေချာပြောနိူင်တာပါ။

မိဘကိုပျော်အောင်ထားရင် ကိုယ်တိုင်လည်းပျော်ရွှင်ရသလို မိဘကိုစိတ်ချမ်းသာအောင်ထားရင် ကိုယ်တိုင်လည်းစိတ်ချမ်းသာရပါတယ် အဲ့ဒါမယုံမရှိနဲ့တကယ့် ကိုယ်တွေ့ပါ။မိဘရဲ့မျက်ရည်ကို မြေကျအောင်လုပ်တဲ့သားသမီးက ဘယ်တော့မှ မကြီးပွားဘူး မချမ်းသာဘူး ဒါကြောင့် အဖေတိုအမေတိုအပေါ် မပစ်မှားမိပါစေနဲ့နော်။

တောင်းဆိုးပလုံးဆိုသာ ပစ်ရိုးထုံးစံရှိပေမယ့် သားဆိုးသမီးဆိုး ဆိုရင် အဖေတိုအမေတိုက သိပ်ချစ်တာ ဘယ်တော့မှ မပစ်ဘူး ဒါပေမယ့် အဲ့ဒီအပေါ်မှာစိတ်ကွက်ပြီး မိဘတွေအပေါ် အထင်မမှားပါနဲ့
မိဘတိုင်းက သားသမီးအားလုံးကိုချစ်ပါတယ် ချစ်လိုပဲ အသက်နဲ့ရင်းပြီး ဝမ်းနဲ့လွယ်မွေးခဲ့တာပေါ့ မိဘ
ဆိုတာ ဘယ်လိုပဲ ဖြစ်နေပါစေ မိဘက မိဘပါပဲ။

မိဘမေတ္တာက ကြီးကျယ်ခမ်းနားလွန်းပါတယ်
ဒါကြောင့်လည်း ဘုရားနဲ့နှိင်းပြီးတစ်ဂိုဏ်းထဲ ထားထားတာပါ ထိုကြောင့် လက်ရှိ မိဘတွေအပေါ် ပစ်ထားခဲ့မိရင် ပြောမှားဆိုမှားရှိခဲ့မိရင်တောင်းပန်လိုက်ပါ။ အဖေတိုအမေတိုအဆင်ပြေရဲ့လား?နေကောင်းရဲ့လား?မေးပါ နွေးထွေးပေးပါ ကြင်နာပေးပါ မိဘဆိုတာ အသက်ကြီးလာတာနဲ့အမျှ သိပ်သနားဖိုကောင်းတာ။

စာဖတ်ဖူးတာလေးရှိတယ် မိဘတွေ အသက်ကြီးလာရင် ခလေးတွေလို ပြန်ဖြစ်သွားတတ်တယ်တဲ့ စိတ်ခံစားလွယ်တယ်၊ဝမ်းနည်းလွယ်တယ်၊အားငယ်နေတတ်ကြတယ် အဝေးက သားသမီးတွေ ပြန်လာလို လက်ထဲဘာမှ ပါမလာရင်တောင် အဖေတိုအမေတိုက သား၊သမီးတွေဆီက မေတ္တာကိုပဲပြန်မျှော်လင့်တာကြောင့် သားသမီးတွေက သူတိုရှိတဲ့ဆီကိုရောက်အောင်လာတယ်ဆိုရင်ပဲ ကျေနပ်ပီတိဖြစ်ပြီး အရမ်းကိုပျော်ကြပါတယ်။

ဒါကြောင့် မိဘတွေသက်ရှိထင်ရှားရှိနေတဲ့အချိန် ကျွေးမွေးပြုစုစောင့်ရှောက်ပါ၊ပေးကမ်းပါ၊စိတ်ချမ်းသာအောင်ထားပါကျွန်မ အပေါ်ကရေးခဲ့သမျှတွေက တကယ့်လက်တွေ့တွေ ပါ မိဘကိုသိတတ်တဲ့ သားသမီးက ဘယ်တော့မှမဆင်းရဲဘူး အခက်အခဲဒုက္ခနဲ့ကြုံရင်တောင် ခဏပဲ သူ့အလိုလိုအဆင်ပြေသွားတာပါ။

သူများတော့မသိဘူး ကျွန်မကမိဘနဲ့ပါတ်သက်လာရင် မျက်ရည်က အလိုလိုကျလာတတ်တယ်။ကျွန်မအသက်ရှင်နေသရွေ့ ကျွန်မမိဘအတွက် ကျွန်မအမြဲရှိနေမှာပါ။

"ချမ်းသာချင်ရင် မိဘကိုချမ်းသာအောင်ထားပါ"ဒီစာစုလေးကိုဖတ်ပြီး စာချစ်သူတိုမိဘကျေးဇူးကိုသိတတ်တဲ့ သားသမီးအလိမ္မာတွေဖြစ်ကြပြီး စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒတွေပြည့်စုံကြပါစေ

image
44 w - Translate

သစ်တစ်ပင်ရဲ့တန်ဖိုး 🌳🌳

image