44 w - Translate

ငနဲတွေက သူတို့ပေးရပြီဆို အီးပေါက်ပြီ

ဘန်လေနဲ့ပွဲတွင် ပင်နယ်တီမပေးသည့် ဒိုင်လူကြီးကို မန်ယူနည်းပြတန်ဟတ်ဂ်ဝေဖန်
ဘန်လေအသင်းနဲ့ပွဲမှာ ပင်နယ်တီသတ်မှတ်ပေးခြင်းမရှိတဲ့ ကွင်းလယ်ဒိုင်လူကြီးကို မန်ယူနည်းပြ အဲရစ်တန်ဟတ်ဂ်က ဝေဖန်သွားပါတယ်။

မန်ယူအသင်းဟာ အဲဒီပွဲစဉ်မှာ တဂိုးစီသရေရလဒ်နဲ့ သာ ကျေနပ်ခဲ့ရတာပါ။ ပွဲပြီးခါနီးအချိန်မှာ အန်တိုနီရဲ့ ပြိုင်ဘက်ဧရိယာထဲကနေ ပေးပို့မှုဟာ ဘန်လေ နောက်ခံလူရဲ့လက်နဲ့ ထိခဲ့ပေမဲ့ ပင်နယ်တီသတ်မှတ်ပေးခြင်း မရှိခဲ့တာပါ။

ပွဲချိန်အတွင်းမှာ ပင်နယ်တီ ရရှိနိုင်တဲ့အခြေအနေသုံးကြိမ်လောက်ရှိခဲ့ပြီး ဒိုင်လူကြီးက တသမတ်တည်းမဟုတ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပယ်နယ်တီ မပေးခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က ဝေဖန်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့တပတ်က ကိုဗင်ထရီနဲ့ပွဲမှာ ဝမ်ဘစ်ဆာကာ လက်ထိခဲ့တာကိုတော့ ပင်နယ်တီသတ်မှတ် ပေးခဲ့ပေမဲ့ ဘန်လေနဲ့ပွဲမှာ အလားတူဖြစ်ရပ်အပေါ် ပင်နယ်တီမရခဲ့တာကိုလည်း နည်းပြတန်ဟတ်ဂ်က မေးခွန်းထုတ်သွားခဲ့ပါတယ်။

Photo-Reuters

image

Slomo

44 w - Translate

တစ်ယောက်ယောက်ကို ချစ်ချင်လား
ချစ်ပစ်လိုက်၊

တစ်ခုခုကို လုပ်ချင်နေလား
လုပ်ပစ်လိုက်၊

တစ်နေရာရာကို သွားချင်လား
သွားပစ်လိုက်၊

ပြီးရင် မေ့ပစ်လိုက်၊ ဘာမှမမျှော်လင့်နဲ့၊
ဘာကိုမှ အစွဲအလမ်းမထားနဲ့၊

ဒါက အကောင်းဆုံးသော
ဘဝနေထိုင်နည်းတစ်ခုပဲ၊

ငါတို့ရဲ့စုတ်ပျက်နေတဲ့ လူနေမှုဘဝမှာ

လုပ်ချင်တာတွေ လုပ်ပြီးလို့

ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ

"နေတတ်"အောင်သင်ယူဖို့ကလည်း

တကယ် အရေးကြီးတယ် ။

image
44 w - Translate

အကြည့်တပေါက်
မဟုတ်ဘူးလေ နင်ကဘာကို မကျေမနပ်ဖြစ်နေတာလဲ

44 w - Translate

Bye Bye Champion League
ပုံစဲသစ်နဲ့စတင်ကျင်းပမည့် ချန်ပီယံလိဂ်ပြိုင်ပွဲကို မန်ယူ အသင်း ဝင်ခွင့်လွဲချော်ခဲ့ပါပြီ
အဆင့်(၄)တောင်မရခဲ့တဲ့ မန်ယူဟာ ယူရိုပါလိဂ် မျှော်လင့်ချက်မှာလည်း FA ဖလား ရမှသာ ဝင်ခွင့်ရတော့မှာပါ
နယူးကာဆယ်နဲ့ပွဲက မန်ယူအတွက် ကွန်းဖရင့်လိဂ် ဝင်ခွင့်ကို အဆုံးဖြတ်ပေးပါလိမ့်မယ်
FA ဖလားမှာလည်း ရှုံး နယူးကာဆယ်ကိုလည်း ရှုံးပါက ဥရောပဝင်ခွင့်ပါ လွဲချော်သွာရပါမယ်
Credit

image
44 w - Translate

Bye Bye Champion League
ပုံစဲသစ်နဲ့စတင်ကျင်းပမည့် ချန်ပီယံလိဂ်ပြိုင်ပွဲကို မန်ယူ အသင်း ဝင်ခွင့်လွဲချော်ခဲ့ပါပြီ
အဆင့်(၄)တောင်မရခဲ့တဲ့ မန်ယူဟာ ယူရိုပါလိဂ် မျှော်လင့်ချက်မှာလည်း FA ဖလား ရမှသာ ဝင်ခွင့်ရတော့မှာပါ
နယူးကာဆယ်နဲ့ပွဲက မန်ယူအတွက် ကွန်းဖရင့်လိဂ် ဝင်ခွင့်ကို အဆုံးဖြတ်ပေးပါလိမ့်မယ်
FA ဖလားမှာလည်း ရှုံး နယူးကာဆယ်ကိုလည်း ရှုံးပါက ဥရောပဝင်ခွင့်ပါ လွဲချော်သွာရပါမယ်
Credit

image
44 w - Translate

Bye Bye Champion League
ပုံစဲသစ်နဲ့စတင်ကျင်းပမည့် ချန်ပီယံလိဂ်ပြိုင်ပွဲကို မန်ယူ အသင်း ဝင်ခွင့်လွဲချော်ခဲ့ပါပြီ
အဆင့်(၄)တောင်မရခဲ့တဲ့ မန်ယူဟာ ယူရိုပါလိဂ် မျှော်လင့်ချက်မှာလည်း FA ဖလား ရမှသာ ဝင်ခွင့်ရတော့မှာပါ
နယူးကာဆယ်နဲ့ပွဲက မန်ယူအတွက် ကွန်းဖရင့်လိဂ် ဝင်ခွင့်ကို အဆုံးဖြတ်ပေးပါလိမ့်မယ်
FA ဖလားမှာလည်း ရှုံး နယူးကာဆယ်ကိုလည်း ရှုံးပါက ဥရောပဝင်ခွင့်ပါ လွဲချော်သွာရပါမယ်
Credit

imageimage
44 w - Youtube

44 w - Translate

ကြက်ခြေထောက်ရခိုင်သုပ်လေး လုပ်စားရအောင်😋😋

👉🏻ကြက်ခြေထောက် တွေကိုအရမ်းမနူးအိပြဲမနေစေပဲပြုတ်ထား..
ပြီးရင်အအေးခံ..
👉🏻ပြီးတော့အနေတော်လေးတွေခုတ်ထား.....
👉🏻ရခိုင်ငါးပိစိမ်းစားအကောင်းစားလေးနည်းနည်းထည့်
👉🏻ကြက်သွန်ဖြူ သုံးမွှာလောက် ..
🌶ငရုတ်သီး စိမ်းကတော့.မိမိတို့အစပ်စားနိုင်သလောက့်...
🔥အားလုံးကိုမီးကင်ပြီး.အရသာမူန့်လေးအနည်းငယ်ထည့်ပြီးရောထောင်းထား...
🔥ကြက်သွန်နီနှစ်လုံးအခွံနွှာပါးပါးလှီးရေဆေးပြီးစစ်ထား..

သုပ်မယ်ဆိုလျှင်..

ပန်းကန်ထဲမှာ ကြက်ခြေထောက် ပြုတ်ပြီးသားတွေရယ်.
ငါးပိထောင်းထားတာရယ်.ကြက်သွန်နီ
ပါးပါးလှီးထားတာရယ်..သံပုရာသီး တစ်ခြမ်းလောက်ညစ်ထည့်မယ် အရသာမူန့်နဲ့ငံပြာရည်အနည်းငယ်..နံနံပင်.ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီးရောသုပ်လိုက်ရင်
😋ရှူးရှူးရှဲရှဲ ကြက်ခြေထောက်ရခိုင်သုပ်ကိုရပါပီ...😋😋
ဆီမကုန်.ထမင်းမြိန်တဲ့.ဟင်းတစ်ခွက်ပေါ့နော်.

image
44 w - Translate

အရမ်းကောင်းတဲ့ စာသားလေးပါ
ဖတ်ရင်းနဲ့ တွေးပါ

အရသာက တမူထူးခြားနေပါလိမ့်မယ်

(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။

(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။

(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။

(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။

(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

(၇) လောဘမကြီးနဲ့။
မကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။

(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။

(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။

(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။

(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။

(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။

(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတက်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။

(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။

(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက် …
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။

(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။

(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။

(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။

image